ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တွေ့ဆုံ

13221674_257334654618725_5536507372850350297_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ဗဟိုအလုပ် အမှု ဆောင်နှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးပါတီနာယကနှင့် ဗဟို ကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ မေလ (၆)ရက်နေ့ နံနက်(၁ဝ)နာရီအချိန်က ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီး/ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော် မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

13177313_257334717952052_3552551918870937470_n 13165899_257334837952040_8900588697260679629_n

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဥက္ကဋ္ဌဦးဌေးဦးက အဖွင့်အမှာ စကားပြောကြားရာ၌  “မိမိတို့ပါတီဝင် များသည် ကိုယ်တိုင်ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများဖြစ်ကြောင်း၊ စွမ်းရည်မတူသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ မိမိတို့စွမ်းဆောင်နိုင်သရွေ့ စည်းစည်း လုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်နေကြကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် လုပ်ဆောင်မှုများ၊ ဂိုဏ်းဂနဖွဲ့မှုများကို ရှောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံး ပါတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ပါတီဝင်များ၏ ယုံကြည်မှု၊ ခံယူမှုရှိနေသည်နှင့်အမျှ ပါတီမှချမှတ်ထားသည့် မူဝါဒလမ်းစဉ်များကို သွေဖယ်၍ လုပ်ဆောင်နေလျှင် ပါတီဝင်အဖြစ်မှဆုံးရှုံးကြောင်း၊ ပါတီတစ်ခုနှင့်တစ်ခု ယုံကြည်မှုရည်မှန်းချက်၊ လုပ်နည်းများမတူညီကြကြောင်း၊ ပါတီအားလုံးကို လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားကြောင်း၊ ရည်းမှန်းချက်တူသည်များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီညီလာခံကျင်းပပြုလုပ် နိုင်ရေးအတွက် စီမံချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်မြေအတွင်း ပူးပေါင်းဆောင် ရွက်မှုများကိုလည်း တွေ့မြင်ကြားသိရမှုအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားသည်။

13173943_257334681285389_6176449616596391314_n

၎င်းနောက် ဗဟိုအလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင်က စည်းရုံးရေး လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်၍ လမ်းညွှန်မှကြားသည်။

13133263_257334794618711_8019613895645968837_n

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးစိုးနိုင်၊ ဦးသန်းဌေး၊ ဦးခင်ရီနှင့် တိုင်းဒေသကြီး ပါတီနာယက၊ ဗဟိုကော်မတီဝင် ဦးတင်စိုးတို့က ပါတီညီလာခံကျင်းပရေးနှင့် ပတ်သက်၍ ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းမှာကြားကြသည်။

13138895_257334874618703_6372234974394719825_n

ထို့နောက် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ပါတီအဆင့်ဆင့် မျက်နှာစုံညီအစည်းအဝေးများ ကျင်းပရေးနှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရှင်းလင်း မှာကြားကာ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်မှ ပါတီဌာနချုပ် ညွှန်ကြားချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် တိုင်းအလုပ်အမှုဆောင်များက ဆွေးနွေးကြပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရာတွင် အခြေခံအဖွဲ့အစည်းမှာ ရပ်/ကျေးစည်းရုံးမှူးများဖြစ်ကြောင်း၊ လူမှန်နေရာမှန် ရွေးချယ်ပေးရန် အရေးကြီးကြောင်း၊ မြို့နယ်များမှ ဘက်လိုက်မှုမရှိဘဲ ရွေးချယ်ပေးရန်လိုကြောင်း၊ နိုင်ငံတော်မှ ချမှတ် ထားသော ဥပဒေများကိုလိုက်နာသူ၊ ပါတီအပေါ်သစ္စာရှိမည့်သူ၊ စည်းရုံးရေးကောင်းသူများ ပါဝင်ရန် လိုကြောင်း၊ ရွေးချယ်ရေးအဖွဲ့များအနေနှင့် လူရွေးမမှားရန်၊ အချိန်ယူပြီးရွေးကြရန်၊ ပါတီရှင်သန် ခိုင်မာရေးအတွက် ဝိုင်းဝန်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ အင်အား(၇ဝ)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply