လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်များအား ဝါဆိုသင်္ကန်း ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါဝါဆိုသင်္ကန်းနှင့် အလှူငွေလှူဒါန်းရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်လမ်းညွှန်မှုနှင့်အညီ ရန်ကုန် အနောက်ပိုင်းခရိုင် ပါတီကော်မတီဝင် (လှိုင်မြို့နယ်တာဝန်ခံ) ဦးရန်နိုင်သန်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ ဖြစ်သည့် ဦးစိုးဦး၊ ဦးအုန်းဌေး၊ ဒေါ်အေးအေးခိုင်၊ အမှတ် (၅) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးစိုးတင့်၊ အမှတ် (၁၆) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးလှရွှေ၊ အမှတ် (၁၄) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေး၊ အမှတ် (၁၃) ရပ်ကွက် ပါတီကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးဝင်းထွန်းနှင့် ပါတီကော်မတီဝင်များ လိုက်ပါပြီး အမှတ် (၁၂) ရပ်ကွက် အောင်သိဒ္ဓိ ကျောင်း၊ (၁၆) ရပ်ကွက် မေတ္တာဝါဒီ (ပရဟိတ) ကျောင်း၊ (၁၄) ရပ်ကွက် စိန်ပန်းကျောင်း၊ (၁၃) ရပ်ကွက်ပဏ္ဍိတရာမ စာသင်တိုက် ကျောင်းနှင့် ဇေတဝန်ကျောင်းတိုက်တို့အား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဗိုလ်အုန်း(လှိုင်)