ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ် အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းရှင်းလင်း

 

မကွေး မတ် ၂၈

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဝင်သစ်များ၏ အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈) ပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အခမ်းအနားအစီအစဉ် ကိုးခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူးဦးဆန်းညွန့်အောင်၊ တိုင်း ဒေသကြီးပါတီကော်မတီဝင်ဦးစော ဝင်းမောင်၊ဦးအောင်နိုင်၊ပခုက္ကူခရိုင် ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ရေစကြို မြို့နယ်အတွင်းရေးမှူး ဦးမြင့်နိုင်၊ ပခုက္ကူမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်း အေး၊ ပခုက္ကူမြို့နယ် နာယက ဦးကျော်ဆင့်၊ မြို့နယ်ကော်မတီဝင် ဦးဘိုမြင့်၊ ဦးမင်းသူ၊ ဒေါ်တင် တင်ခိုင်၊ လူငယ်ရေးရာများ၊ အမျိုး သမီးရေးရာများနှင့်ရပ်ကျေးဥက္ကဋ္ဌ များ၊ ရေးရာအလိုက် ကော်မတီဝင် များနှင့် မိမိဆန္ဒအလျောက် ပါတီ ဝင်ရောက်လာသူ ဦးရေ ၆ဝဝ ကျော်အနက်မှ ၁၈ဝ ကျော် တက် ရောက်ကာ စုစုပေါင်း အင်အား ၂ဝဝ ကျော်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပခုက္ကူမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မမေ သင်္ကြန်နှင့် မနွယ်နွယ်မြင့်တို့က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီး အတွင်းရေး မှူးက ပြည်ခိုင်ဖြိုးပါတီသို့ ယခုလို မိမိဆန္ဒအလျောက် ယုံကြည် သက်ဝင်ကာ ပါတီဝင်အဖြစ် ဝင် ရောက်လာသည်ကို ကျေးဇူးအထူး တင်မိပါကြောင်းနှင့် ၂ဝဝ၈ဖွဲ့စည်း ပုံအခြေခံဥပဒေကို ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်ကလည်း မိမိတို့ ပါတီသို့ ဝင်ရောက်လာခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြား ကာ ၅၉(စ)နှင့်ပတ်သက်သည်များ ကို ပြည်သူများနားလည် သဘော ပေါက်စေရန် ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ပခုက္ကူမြို့နယ် နာယက ဦးကျော်ဆင့်က မိမိအား ယခုလိုအခမ်းအနားတက်ရောက်ရန် ဖိတ်ကြားသည့်အတွက် တက် ရောက်ခွင့်ရသည်ကို ဝမ်းသာမိပါ ကြောင်းနှင့် မိမိတို့ယုံကြည်သက် ဝင်လာခဲ့သော မိမိပါတီအပေါ် သစ္စာစောင့်သိကာ ပြည်သူ့အကျိုး ဆောင်ရွက်ကြပါရန် ပြောကြား သည်။

ထို့နောက်ပြည်ခိုင်ဖြိုးပါတီသို့ မိမိယုံကြည်ချက်ဖြင့် ဝင်ရောက် လာခြင်းကို လှိုက်လှဲစွာကြိုဆိုခဲ့ သောကြောင့် ဝမ်းသာဂုဏ်ယူမိပါ ကြောင်းကို ကျွဲတဲရွာ ကိုယ်စားပြု ဦးစိုးဝင်းဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)