ပီကေဝါးရင်း မတော်တဆမျိုချမိရင် ဘာတွေဖြစ်လာမလဲ

ပီကေဝါးရင်းနဲ့ မတော်တဆမျိုချမိနေလား။ အဲဒီလိုမျိုချမိခဲ့ရင် “ဘာများဖြစ်သွားမလဲ”၊ “ဗိုက်ထဲမှာကျန်နေခဲ့ တော့မှာလား” ဆိုပြီး စိုးရိမ်စိတ်တော့ဖြစ်မိကြမယ်ထင်ပါတယ်။ တကယ်လို ပီကေမျိုချမိခဲ့ရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ပီကေက ကျုံ့ဆန့်နိုင်စွမ်းရှိပြီး အချိန်တော်တော်ကြာ ဝါးလို့ရပါတယ်။ အဲဒါကြောင့် ပီကေမျိုချမိရင် အစာအိမ်နံရံမှာ ကျန်ရစ်နေမှာဖြစ်ပြီး အူလမ်းကြောင်းမှာ အပိတ်အဆို့အဟန့်အတားဖြစ်သွားမယ်လို့ ယုံကြည်ထားကြပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က ပီကေကို မချေဖျက်နိုင်တဲ့အတွက် နှစ်အကြာကြီး အစာအိမ်မှာ ရှိနေမယ်ဆိုတဲ့ အချက်ကတော့ မမှန်ပါဘူး။ ကျွန်တော်တို့ခန္ဓာကိုယ်က ပီကေကို ချေဖျက်ပစ်ဖို့အတွက် အစာခြေအင်ဇိုင်းတွေ ထုတ်မပေးနိုင်တာကြောင့် အစာအိမ်မှာ ကျန်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့စားတဲ့အခြားအစားအစာတွေလိုပဲ အစာခြေစနစ်ကနေတဆင့် ပီကေက ရွေ့လျားသွားပြီး မစင်ကနေတဆင့် ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

ပီကေက အူလမ်းကြောင်းမှာ အဟန့်အတားတော့ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ရှားပါးဖြစ်စဉ်ပါပဲ။ လူတစ်ယောက်က ပီကေပမာဏအများကြီးကို မျိုချမိရင် ဝမ်းချုပ်တဲ့ပြဿနာဖြစ်လာပြီး အူလမ်းကြောင်းမှာ ပိတ်ဆို့ဟန့်တားမှုဖြစ်စေပါတယ်။ ဒါကတော့ ကလေးတွေမှာ အများဆုံးဖြစ်တတ်ကြပါတယ်။ အဲဒီလိုဖြစ်လာရင် အပြင်းအထန်နာကျင်တာ၊ အော့အန်တာ၊ ဝမ်းချုပ်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပီကေဝါးတာက အသက်ရှုကြပ်တာကိုလည်း ဖြစ်လာနိုင်ချေများပါတယ်။

ပီကေမျိုချမိရင် ခန္ဓာကိုယ်ကနေထွက်သွားဖို့အတွက် အချိန်ဘယ်လောက်ယူရလဲ

ကျွမ်းကျင်ပညာရှင်တွေအရ ခန္ဓာကိုယ်ကနေ ပီကေကို ဖယ်ရှားဖို့အတွက် အစာခြေလမ်းကြောင်းမှာ ရက်တော်တော်ကြာ နာရီ (၄၀) ဝန်းကျင် အချိန်ယူရပါတယ်။ အစားအစာထက်တောင် အချိန်ပိုယူရပါတယ်။ အစာခြေလမ်းကြောင်းက အခြားအစားအစာတွေထက် ပီကေက ရွေ့လျားရတာနှေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

 source:yoyarlay