ပြည်ထောင်စုကြံ့ခိုင်ရေး၊နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင်ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇန်နဝါရီ ၂၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းသည် ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန်ခန်းမ တွင် မအူပင်ခရိုင်နှင့် မြို့နယ်ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်း က လမ်းညွှန်အဖွင့်အမှာစကားပြော ကြားခြင်း၊ မအူပင်ခရိုင်နှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ က ပါတီလုပ်ငန်းစဉ်များအား ရှင်း လင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသော ဦးအောင် တင်မြင့်၊ ဦးဥာဏ်လင်းနှင့် ဗဟို ကော်မတီဝင် ဒေါက်တာဌေးဝင်း တို့က ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးခြင်း၊ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခြင်း များ ဆောင်ရွက်ခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဧရာ ဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်း ထွန်း၊ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှု ဆောင် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဥာဏ် လင်း၊ ဗဟိုကော်မတီဝင် ဒေါက် တာဌေးဝင်း၊ ဧရာဝတီတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသက်လင်း၊ မအူပင်ခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေ ဦးနှင့်ခရိုင် ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ်၊ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ်များ မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ တက် ရောက်ခဲ့ကြကြောင်းသိရသည်။

ဖြိုးမောင်ဇော်(မအူပင်)