သံတွဲပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

 

ဧပြီ ၂၂

(၂၂.၄.၂၀၁၉) ရက်နေ့ နံနက် ၇း၀၀ အချိန်တွင် သံတွဲုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်(မြို့နယ်တာဝန်ခံ) ဦးတင်မောင်သန်း မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့်ကော်မတီဝင်များ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင်များသည် ရွှေကျောင်းပြင်ကျေးရွာအုပ်စုနှင့် လက်ပံစုကျေးရွာအုပ်စုရှိ ရပ်/ကျေးပါတီဥက္ကဌများ နေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင် အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်း၊မြို့နယ်ဥက္ကဌဦးစန်းနိုင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး ရပ်/ကျေးပါတီဥက္ကဌနှင့် ဒေသခံများမှ ပါတီဆိုင်းဘုတ်အား နံသာရေများပတ်ဖြန်း၍ လူငယ်ပါတီဝင်စည်တော်အဖွဲ့မှ ရခိုင်စည်တော်တီးခတ်ကာ အခမ်းအနားအပြီးတွင် ဒေသခံများနှင့် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

Aung Myo Oo