မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်တွင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ

 

တနင်္သာရီ ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျင်းပသော မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်း အပူရှိန်လျှော့ချနိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးပြီး ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ နံနက် ၈ နာရီက ဆင်ခြေဖုံးကျေးရွာအုပ်စု မမသောင်ရွာ ရေပူစမ်းဘုန်းတော် ကြီးကျောင်းကုန်းတွင် ပျဉ်းကတိုး ၄ဝဝ၊ မဟော်ဂနီ အပင် ၃၈ဝ၊ ယမနေငါးပင်၊ သင်္ကန်းအပင် ၇ဝ၊ ခရေပင် ၃ဝ၊ ပိန်းတောက် ငါးပင်၊ စိန်ပန်းပင် ၅ဝ၊ မန်ဂျန်ရှားအပင် ၆ဝ စုစုပေါင်းပျိုးပင်အရေအတွက် အပင် ၁ဝဝဝ တို့ကို အခမဲ့ဖြန့်ဝေ ပေးကာ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော် ကျင်းပရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦး စီးဌာနမှတောအုပ်ကြီး ကောင်းစစ်နိုင်က သစ်ပင်စိုက်နည်းစနစ်များကို လက်တွေ့ သရုပ်ပြ ရှင်းလင်းခဲ့သည်။ ထို့နောက် မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ အောင်သီဟဇော်နှင့် တောအုပ်ကြီး ကောင်းစစ်နိုင်တို့က ပျိုးပင်များအား အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ် လင်းအောင်က လည်းကောင်း၊ မြို့နယ်ရဲ