ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာဦးကျော်ကျော်ဌေးနှင့်အဖွဲ့ ပါတီဝင်များအား တွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၅၊ ပုလော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး တိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အဖွဲ့မှ ​ပါတီဝင်​များအား ​တွေ့ဆုံခြင်းကို ၂၅.၂.၂၀၂၀ ၁၂း၄၅ နာရီအချိန်​ မြိတ်​ခရိုင်​၊ပု​​လောမြို့နယ်၊ ပြည်​ခိုင်ဖြိုးပါတီရုံးတွင် ​နိုင်​ငံ​တော်​အလံအား အ​လေးပြု​ ဆောက်​ရွက်​ခဲ့ပါသည်​။ တွေ့ဆုံပွဲသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာဦး​ကျော်​​ကျော်​​ဌေးနှင့်​အတူ ဗဟိုအလုပ်​အမှု​ဆောင်​ တနင်္သာရီတိုင်း​ဒေသကြီး ပြည်ခိုင်ြ​ဖိုး ပါတီဥက္ကဌ ဦးသန်း​အောင်​၊ အတွင်း​ရေးမှူး ဦး​နေမျိုး၊ ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေး တာဝန်​ခံ ဦးမင်း​ဇော်​တို့ လိုက်​ပါတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ တိုင်း​ဒေသကြီး​ကော်​မတီဝင်​ ဦးတင်​​မောင်​၀င်း၊ ခရိုင်​​ကော်​မတီဝင်​ ဦးဇာနည်​​အောင်​၊ ပု​​လော​​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၊နာယက ဦးညွန့်​တင်​၀င်း၊ ဥက္ကဌဦးလှစိုး၊ အတွင်း​​ရေးမှူး ဦး​အာင်​​နေဇာလင်း​နင့်​ ​ကော်​မတီဝင်​များ၊ အရံ​ကော်​မတီများ၊ ရပ်​​ကျေးဥက္ကဌ၊ အတွင်း​ရေးများ၊ ရပ်မိရပ်ဖများ၊ ပါတီစိတ်ပါဝင်စားသူများ​​​​ စုစု​ပေါင်း ၂၅၀ ဦး တက်​​ရောက်​ကြပါသည်​။
တွေ့ဆုံပွဲတွင်​ မြိုနယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးဥက္ကဌများ၊ ရပ်မိရပ်ဖများ​​၏ တင်ပြမှူများကို ​ဒေါက်​တာ​ကျော်​​ကျော်​​ဌေး၊ဦးသန်း​အောင်​​တို့က အသီးသီးပြန်​လည်​​ပြောကြားကာ ​တွေ့ဆုံပွဲကို ၁၃ နာရီ မိနစ်​ ၄၃ အချိန်​ ​အောင်​မြင်​စွာ ပြီး​မြောက်​​ကြောင်း သတင်းရရှိပါသည်။