ငါးႀကိမ္ေျမာက္ သမၼတအျဖစ္ သမၼတဗလာဒီမာပူတင္ က်မ္းက်ိန္

ေမာ္စကို၊ေမ ၇

႐ုရွားသမၼတဗလာဒီမာပူတင္သည္ ငါးႀကိမ္ေျမာက္နိုင္ငံ့သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီး အဆိုပါက်မ္းက်ိန္ပြဲကို အေနာက္နိုင္ငံမ်ားက ဆန႔္က်င္ကန႔္ကြက္ခဲ့သည္။
၁၉၉၉ ခုႏွစ္ကတည္းက သမၼတႏွင့္ဝန္ႀကီးခ်ဳပ္အျဖစ္ အာဏာရယူခဲ့သည့္ သမၼတပူတင္သည္ ၂၀၂၂ ခုႏွစ္ကယူကရိန္းသို႔ ေသာင္းႏွင့္ခ်ီေသာတပ္ဖြဲ႕ဝင္မ်ား ေစလႊတ္ၿပီးေနာက္ ႏွစ္ႏွစ္ေက်ာ္အၾကာ၌ ၎၏သမၼတသက္တမ္းအသစ္ကို စတင္ခဲ့ျခင္းျဖစ္သည္။
က်မ္းက်ိန္ၿပီးေနာက္ ႐ုရွား၏နိုင္ငံေရးအထက္တန္းလႊာကို သမၼတပူတင္က အေနာက္အုပ္စုႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈကိုပိတ္ပင္မည္မဟုတ္ေသာ္လည္း ၎၏နိုင္ငံႏွင့္ မည္သို႔ဆက္ဆံရမည္ကို ၄င္းတို႔ကိုယ္တိုင္က သာ ေရြးခ်ယ္မႈျပဳလုပ္ရမည္ဟုလည္းေျပာၾကားခဲ့သည္။
အေနာက္နိုင္ငံမ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားဆိုင္ရာ ေဆြးေႏြးမႈမ်ားလည္းျဖစ္လာနိုင္ေသာ္လည္း တန္းတူညီမၽွေသာ စည္းကမ္းခ်က္မ်ားျဖင့္သာ ေဆြးေႏြးမည္ျဖစ္ေၾကာင္း၎ကေျပာၾကားခဲ့သည္။
သမၼတပူတင္သည္ မတ္လကက်င္းပခဲ့သည့္ ႐ုရွားနိုင္ငံအေထြေထြေရြးေကာက္ပြဲ၌ အျပတ္အသတ္အနိုင္ရရွိခဲ့ျခင္းျဖစ္ေသာ္လည္း အေမရိက ကမူ အဆိုပါေရြးေကာက္ပြဲသည္ ပြင့္လင္းမၽွတမႈမရွိဟုလည္းဆိုခဲ့သည္။
ၿဗိတိန္၊ကေနဒါႏွင့္ ဥေရာပသမဂၢနိုင္ငံအမ်ားစုကလည္း သမၼတပူတင္၏က်မ္းသစၥာက်ိန္ဆိုမႈကို သပိတ္ေမွာက္ရန္ဆုံးျဖတ္ခဲ့ေသာ္လည္း ျပင္သစ္ကမူ ၎၏သံအမတ္ကို က်မ္းက်ိန္ပြဲသို႔ေစလႊတ္မည္ဟုေျပာၾကားခဲ့ေၾကာင္းသိရသည္။
Source : Reuters

=====

ငါးကြိမ်မြောက် သမ္မတအဖြစ် သမ္မတဗလာဒီမာပူတင် ကျမ်းကျိန်

မော်စကို၊မေ ၇

ရုရှားသမ္မတဗလာဒီမာပူတင်သည် ငါးကြိမ်မြောက်နိုင်ငံ့သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဆိုပါကျမ်းကျိန်ပွဲကို အနောက်နိုင်ငံများက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
၁၉၉၉ ခုနှစ်ကတည်းက သမ္မတနှင့်ဝန်ကြီးချုပ်အဖြစ် အာဏာရယူခဲ့သည့် သမ္မတပူတင်သည် ၂၀၂၂ ခုနှစ်ကယူကရိန်းသို့ သောင်းနှင့်ချီသောတပ်ဖွဲ့ဝင်များ စေလွှတ်ပြီးနောက် နှစ်နှစ်ကျော်အကြာ၌ ၎င်း၏သမ္မတသက်တမ်းအသစ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ကျမ်းကျိန်ပြီးနောက် ရုရှား၏နိုင်ငံရေးအထက်တန်းလွှာကို သမ္မတပူတင်က အနောက်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုကိုပိတ်ပင်မည်မဟုတ်သော်လည်း ၎င်း၏နိုင်ငံနှင့် မည်သို့ဆက်ဆံရမည်ကို ၄င်းတို့ကိုယ်တိုင်က သာ ရွေးချယ်မှုပြုလုပ်ရမည်ဟုလည်းပြောကြားခဲ့သည်။
အနောက်နိုင်ငံများနှင့် မဟာဗျူဟာမြောက် နျူကလီးယားဆိုင်ရာ ဆွေးနွေးမှုများလည်းဖြစ်လာနိုင်သော်လည်း တန်းတူညီမျှသော စည်းကမ်းချက်များဖြင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။
သမ္မတပူတင်သည် မတ်လကကျင်းပခဲ့သည့် ရုရှားနိုင်ငံအထွေထွေရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သော်လည်း အမေရိက ကမူ အဆိုပါရွေးကောက်ပွဲသည် ပွင့်လင်းမျှတမှုမရှိဟုလည်းဆိုခဲ့သည်။
ဗြိတိန်၊ကနေဒါနှင့် ဥရောပသမဂ္ဂနိုင်ငံအများစုကလည်း သမ္မတပူတင်၏ကျမ်းသစ္စာကျိန်ဆိုမှုကို သပိတ်မှောက်ရန်ဆုံးဖြတ်ခဲ့သော်လည်း ပြင်သစ်ကမူ ၎င်း၏သံအမတ်ကို ကျမ်းကျိန်ပွဲသို့စေလွှတ်မည်ဟုပြောကြားခဲ့ကြောင်းသိရသည်။
Source : Reuters