
(အားကစား) မေ ၈




=====

ချဲလ်ဆီးအသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ကိုးလ်ပါမာလ်

(အားကစား) မေ ၈

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ကစားသမား ကိုးလ်ပါမာလ်(၂၂ နှစ်)ဟာ ၂၀၂၃-၂၄ ရာသီအတွက် ချယ်လ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့်အပြင် ချယ်လ်ဆီးအသင်းဖော်များက ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

ပါမာလ်က ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းထံရောက်ရှိလာသူဖြစ်ပါတယ်။

ပါမာလ်ဟာ အသင်းအတွက်ပထမဆုံးရာသီတွင်ပင် ပြိုင်ပွဲစုံ (၄၂)ပွဲကစားရာတွင် (၂၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ပေးပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။