မော်ရင်ညိုနေရာကို ဇီဒန်းနဲ့ အစားထိုးဖို့ မန်ယူစီစဉ်ဖွယ်ရှိ

မန်ယူအသင်းဘုတ်အဖွဲ့၊ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ နည်းပြမော်ရင်ညိုရဲ့ နေရာမှာ ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနဲ့အစားထိုးဖို့ မန်ယူအသင်းက စီစဉ်နေတယ်လို့ အတွင်းသတင်းတွေ ပေါက်ကြားသွားခဲ့ပါတယ်။

မော်ရင်ညိုဟာ သူလိုချင်တဲ့ ကစားသမား ၅ယောက်ကို အသင်းဘုတ်အဖွဲ့က ခေါ်မပေးတာနဲ့ ပတ်သက်ပြီး အမှုဆောင်ချုပ် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ကစားသမားတွေ အပေါ်မှာလည်း မော်ရင်ညိုရဲ့ ပြုမူဆက်ဆံပုံတွေက ခက်ထန်ကြမ်းတမ်းနေတာကြောင့် ကစားသမားတွေမှာလည်း မော်ရင်ညိုရဲ့ အပြုအမူကိုကြည့်ပြီး ဆက်ဆံနေရတာတွေက ရာသီသစ် စတင်တော့မယ့် မန်ယူအသင်းအတွက် ကောင်းမွန်တဲ့ လက္ခဏာတွေ မဟုတ်တာကြောင့် မော်ရင်ညိုဟာ မန်ယူအသင်းကနေ ထုတ်ပယ်ခံရဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

တကယ်လို့ မန်ယူအသင်းက မော်ရင်ညိုကို ထုတ်ပယ်လိုက်မယ်ဆိုရင် ပထမဆုံးဆက်သွယ်မယ့် နည်းပြက ဇီးဒန်း ဖြစ်တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။

-Ref; Sky sports