ဧရာဝတီတိုင်းဒေသကြီးမျက်နှာစုံညီအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်း ဒေသကြီး ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့်ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကို ယမန်နေ့နံနက် ၁ဝ နာရီက ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးသိန်းအောင်၊ဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင်၊ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်တကွ ဖိတ်ကြားထားသောပြည်ခိုင် ဖြိုးပါတီဝင်ကိုယ်စားလှယ်များနှင့်အခြားဧည့်သည်တော်များအင်အား ၁ဝဝ ကျော်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက တက်ရောက်လာသူပါတီဝင်များကို အမှာစကားပြောကြားရာ ”ယနေ့ပြုလုပ်သောဧရာဝတီတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ၂ဝ၁၆ ခုနှစ်အတွက် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအောင်မြင်စွာပြီးဆုံးသည့် အတွက် အထူးဝမ်းမြောက်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ပါတီကချမှတ်ထားသော ရည်မှန်းချက် မူဝါဒလမ်းစဉ်များဖြင့် ပြည်သူ့အကျိုး၊ မိမိတို့နယ်မြေ၏အကျိုးကို လက်တွေ့ဆောင်ရွက်နိုင်မည်ဟု ယုံ ကြည်ပြီး ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်လာကြသူများဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ပါတီဝင်များနှင့် စုစည်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ပါတီဝင်တိုင်းအလုပ်ညီညွတ်မှုရှိရန်၊ အလုပ်ညီညွတ်မှုမှ မူဝါဒရေးရာ ညီညွတ်မှုရှိရန် မူဝါဒညီညွတ်မှုမှ အတွေးအခေါ်ညီညွတ်မှုရှိအောင်ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ပါတီဝင်တိုင်း တစ်ဦးနှင့်တစ်ဦးအရည်အချင်းမတူညီကြကြောင်း၊ အရည်အချင်းမတူသူများကို ယုံကြည်မှု ဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ယုံကြည်သကဲ့သို့ ပါတီဝင်မဟုတ်သူများကိုလည်း ယုံကြည် အောင်မိမိတို့လုပ်ဆောင်နေကြသည်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ပါတီတွင်းစည်းလုံးညီညွတ်မှုတိုးတက်ခိုင်မာအောင်တည်ဆောက်ပြီး ပြည်သူလူထု အတွင်း စည်းရုံးမှုကိုလည်း တိုးတက်ရရှိစေရန် ပါတီဝင်တိုင်းက ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပါတီရှင်သန်ခိုင်မာရေးအတွက် စုစည်းညီညွတ်သောအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွား ရန်တိုက်တွန်းမှာကြားလိုကြောင်း” ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Union daily


Leave a Reply