မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ပြည်သူ့အတွက် အာမခံချက်မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ
ဖေဖော်ဝါရီ(၂၆)
မန္တလေးမြို့၊ ၇၃ လမ်း၊၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ “ပိုမိုတောက်ပသော အနာဂတ်ဆီသို့´´မြေစိုက်ပိုစတာ နှင့်ပြည်သူ့အတွက် အာမခံချက် (၉) ချက်ပါ မြေစိုက်ပိုစတာ (၂) ခုအား စိုက်ထူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၉) နာရီ (၃၀) မိနစ်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မင်္ဂလာအချိန်ကျရောက်သော အချိန်၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ဘဏ္ဏာရေးမှူး ဦးသန်းထွန်းတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ငါးဘာသာဂုဏ်ထူးရှင် မောင်စစ်ရဲမင်းနှင့် သုံးဘာသာဂုဏ်ထူးရှင် မထက်မြက်သီရိကျော်တို့မှ မြေစိုက်ပိုစတာများအား အောင်မြင်စွာ ကြိုးဆွဲဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဘဏ္ဏာရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မန္တလေး သုတ