ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်လုပ်အားပေး

 

ချောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၇ နာရီက ချောက်မြို့ အပူရှိန် လျော့ကျရေး သစ်ပင်စိုက် ပျိုးရေးပွဲသို့တက်ရောက် လုပ်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရေး ပွဲတော်သို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက်လုပ်အားပေး ခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)