အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးတီမှ ကသစ်တန်းရပ်ကွက် ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန်လ ၂၀

ယ​နေ့ ၂၀-၆-၂၀၁၉ ရက်​​နေ့ ၉းဝဝ အချိန်တွင်  ပဲခူးတိုင်း​ဒေသကြီး အုတ်​တွင်းမြို့နယ်​ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ အုတ်​တွင်းမြို့က သစ်​တန်းရပ်​ကွက်​ ဆိုင်းဘုတ်​တင်​ပွဲနှင့် ရေ​နွေးကြမ်းစကားဝိုင်းကို ကသစ်​တန်း ရပ်​ကွက်​ပါတီဥက္ကဌ ဦးရဲမြင့် နေအိမ်​၌ ပြုလုပ်​ခဲ့​ကြောင်း သတင်းရရှိ ပါသည်​ ။

ယင်းဆိုင်းဘုတ်​တင်​ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ခရိုင်​​ကော်​မတီဝင်​ ဦးလွင်​မြင့်​၊ အုတ်တွင်းမြို့နယ်​ (တာဝန်​ခံ) မြို့နယ်​​ကော်​မတီ အတွင်း​ရေးမှူး ဦးနိုင်​ဝင်းဘဏ္ဍာ​ရေးမှူး ဦး​ဇော်​လွင်​ မြို့နယ်​​ကော်​မတီဝင်​ ဦးစိန်​ဝင်း၊ ဦး​ကျော်​ဆန်းဦး၊ ဦးခင်​​မောင်​နီ၊ ​ဒေါ်ခင်​​ထွေး​မော်​နှင့်​ မြို့နယ်​အရံ​ကော်​မတီဝင်​များ ရပ်​​ကျေးပါတီဥက္ကဌနှင့် ပါတီဝင်​များ တက်​​ရောက်​​ခဲ့​ကြောင်းနှင့် ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ ခရိုင်​​ကော်​မတီဝင်​ ဦးလွင်​မြင့်​မှ မိတ်​ဆက်​အမှာစကား​ ပြောကြားပြီး လက်​ရှိနိုင်​ငံတွင်​ ဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့​ကြောင်း သတင်း ရရှိပါသည်​ ။

နေကာယံ (အုတ်တွင်း)