ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မဟာဘုံကထိန်အလှူကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌအား အမှုးထား၍ စုပေါင်းမဟာဘုံကထိန်အလှုတော်မင်္ဂလာကို နိုဝင်ဘာလ (၁၅) ရက် နံနက် (၉:၃၀) နာရီက သုံးခွမြို့နယ် ကြုံကြိတ်ကျေးရွာ ဂဏ္ဍဝါစကပဏ္ဍိတကျောင်းတိုက်တွင် ကျင်းပကြောင်း သိရှိရသည်။

အဆိုပါမဟာကထိန်အလှုပွဲသို့ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းပါတီ ကော်မတီဝင် ဦးခင်မောင်တင့်နှင့် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ဂဏ္ဍဝါစကပဏ္ဍိတ ကျောင်းတိုက်ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်သည်။ ထို့နောက် ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ပါတီဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် အလှု့ရှင်များမှ ဂဏ္ဍဝါစက ပဏ္ဍိတကျောင်းတိုက်ဆရာတော်ထံက ထိန်သင်္ကန်းလျှာများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဂဏ္ဍဝါစကပဏ္ဍိတကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်သည်။ ထို့နောက် တန်ဖိုးငွေ စုစုပေါင်း (၁၅) သိန်းခန့်တန်ဖိုးရှိသည့် ကထိန်လျှာသင်္ကန်းနှင့် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်း ဆွမ်းစားဆောင်ဆောက်လုပ်ရန် နှင့် ဆွမ်းဆန်တော်များ လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ထံမှ ရေစက်သွန်းချတရားတော်ကို နာကြား၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ထိန်ဝင်း (YGN)