တိုင်းဒေသကြီးပါတီကော်မတီဝင်နယ်မြေကွင်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းပါတီကော်မတီဝင်၊ မြို့နယ်တာဝန်ခံတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည်ယနေ့နံနက် ၁ဝ နာရီ တွင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင် များနှင့်တွေ့ဆုံပြီးပါတီ ရှေ့လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ အရန်ပါတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်အင်အား ၈ဝ တက်ရောက်      ကြောင်းသိရသည်။

ဌေးလှိုင်(ကွမ်းခြံကုန်း)