မအူပင်ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော မြို့ နယ်ပါတီကော်မတီနှင့် ရပ်ကျေး ကော်မတီများ တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့ နံနက် ၁ဝ နာရီ၌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း ၊မအူပင်ခရိုင်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် မအူပင် မြို့နယ်ပြည်ခိုင်ြ ဖိုးပါတီ ဥက္ကဋ္ဌ ဦးစောသောင်းဒန်တို့က အမှာစကားအသီးသီးပြောကြားပြီး မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင် နယ်မြေ မှူးများက ပါတီမှဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များ၊ကျေးရွာတွင် ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်း များအား ရှင်းလင်းမှာကြားသည်။ ထို့နောက် တက်ရောက် လာသော ရပ်/ကျေးပါတီစည်းရုံးရေးမှူးများက ရပ်/ကျေးများတွင်တွေ့ကြုံရ သော အခက်အခဲများအား တင်ပြ ဆွေးနွေးရာ ပြန်လည်ရှင်းလင်း ပြောကြားပြီး မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခြင်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ မအူပင် ခရိုင်တာဝန် ခံဦးသန်းထွန်း၊ မအူပင်ခရိုင်ပြည် ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်ဖေဦး နှင့်ခရိုင် ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောသောင်းဒန်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၈၈)အုပ်စုမှ ပါတီစည်းရုံး ရေမှူးများ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)