ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ပါတီဝင်အင်အား ကျစ်လစ်ခိုင်မာရေး စီစစ်ခြင်း နှင့် ဝန်းရံပါတီ ဝင်အင်အားတိုးပွားရေးအတွက် ‌နယ်မြေကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟို ဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်‌သော ပထမ(၃)လပတ်၊ရက်(၉၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပါတီဝင်အင်အားကျစ်လစ်ခိုင်မာရေးအတွက် ပါတီဝင်များကို တစ်ဦးချင်းစီစစ်ခြင်းလုပ်ငန်းနှင့် မိမိတို့ပါတီ အား ဝန်းရံအားပေးထောက်ခံသူများတိုးပွားလာစေရေး အတွက် နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်းများကို နယ်မြေမှူးများမှ ဆောင်ရွက်လျှက်ရာ (၂-၁၂-၂၀၂၂) ရက်နေ့ နံနက် ( ၁၀း၀၀ ) နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါနယ်မြေကွင်းဆင်းခြင်းများကို ကျောက်ဆည်မြို့နယ် သံရွာအုပ်စု သပြေကုန်းကျေးရွာ၊ ပဲခင်း ကျေးရွာအုပ်စုများသို့ နယ်မြေမှုး၊ရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ မှ စုပေါင်း လုပ်ဆောင် ခဲ့ကြပါသည်။

ကိုတင် kse