ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ခရိုင်မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

ဗန်းမော်၊ မေ ၂ဝ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦစိုးသိန်းနှင့် ဗဟိုကော်မတီဝင် ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးတင်မြင့်လှိုင်တို့သည် ယခုလ ၁၈ ရက်မွန်းလွဲ ၁ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗန်းမော်ခရိုင်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦစိုးသိန်း၊ ဗဟိုကော်မတီဝင် ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ ဝင်ဦးတင်မြင့်လှိုင်၊ ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ပြည်နယ်ကော်မတီဝင် ဦးမြအုန်း၊ ဗဟိုပါတီစည်းကမ်းထိန်း ဌာနစိတ်မှူး ဦးခင်မောင်ရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူးဦးကျော်စွာဝင်းနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီ ဝင်များ၊ ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ခရိုင် မြို့နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံများ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်ကြ၍ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်း ရေးမှူးက ပြည်နယ်ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ရပ်/ကျေး အဆင့်ထိ ချပြဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သွားရန် လမ်းညွှန်မှာကြားခဲ့၍ ပြည်နယ်ပါတီစည်း ကမ်းထိန်းသိမ်းရေးတာဝန်ခံက အစီရင်ခံစာများ တင်ပြနိုင်မှုအခြေအနေကို ရှင်းလင်းပြီး လုပ်ငန်းအစီရင်ခံစာများ အချိန်မှန်ကန်စွာ ပေးပို့ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဗဟိုပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်က ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း တာဝန်များကို ရှင်းလင်းပြောကြား၍ ဗဟိုပါတီစည်းကမ်းထိန်းဌာနစိတ်မှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေနွေးခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ