ပါတီဗဟိုအတွင်းရေးမှူးဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲတက်ရောက်

 

ရန်ကုန် အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အနောက်ပိုင်းခရိုင် ကမာရွတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ပါတီဗဟိုကော် မတီဝင်ဒေါ်သင်းသင်းမိုး(အနောက် ပိုင်းခရိုင်နယ်မြေခွဲတာဝန်ခံ)၊ ခရိုင် ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်ပါတီကော်မတီဝင်အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။ အစီအစဉ်အရ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်း စန်းနွယ်ကဗဟိုအမျိုးသမီးညီလာခံ ကျင်းပရေးကိစ္စများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာ သော အမျိုးသမီးကိုယ်စားလှယ် များက အမျိုးသမီးထုစာတမ်းများ ကို ဖတ်ကြားခဲ့ပြီး တိုင်းညီလာခံ သို့တက်ရောက်မည့် အမျိုးသမီး ကိုယ်စားလှယ်စာရင်းအား တင်ပြ ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ထိန်ဝင်း(YGN)