မက်ဆီအား မေဂျာလိဂ်တွင် လာရောက်ကစားရန် ဘက်ခမ်း အလိုရှိနေ

ဘာစီလိုနာအသင်းနှင့် အာဂျင်တီးနားအသင်းတို့၏ တိုက်စစ်မှူး လီယွန်နယ်မက်ဆီအား ၂ဝ၂ဝ ပြည့်နှစ်တွင် မေဂျာလိဂ်သို့ လာရောက် ကစားစေလိုကြောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။ ဒေးဗစ်ဘက်ခမ်းသည် ၄င်း၏ အင်တာမီယာမီအသင်းက ၂ဝ၂ဝ ခုနှစ် မေဂျာလိဂ်ပြိုင်ပွဲတွင် စတင်ကစားခွင့် ရရှိမည်ဖြစ်ခြင်းကြောင့် တိုက်စစ်မှူး မက်ဆီအား အင်တာမီယာမီအသင်းသို့ ခေါ်ယူရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

မက်ဆီ၏ လက်ရှိကလပ် ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းသည်လည်း ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီတွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ဒေးဗစ်ဘက်ခမ်းအနေဖြင့် မက်ဆီအား ခေါ်ယူနိုင်မည်ဟု မျှော်လင့်ထားခြင်းလည်းဖြစ်သည်။

မက်ဆီအနေဖြင့်လည်း ဘာစီလိုနာအသင်းမှ ထွက်ခွာကာ ဥရောပ၏ ထိပ်တန်းအဆင့်ရှိကလပ်အသင်းတစ်ခုသို့ ပြောင်းရွှေ့ကစား လိမ့်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြထားသည်။ ဒေးဗစ်ဘက်ခမ်းသည် အင်တာမီယာမီ ကလပ်အသင်းအတွက် တိုက်စစ်မှူး မက်ဆီကို မရရှိပါက အခြားသော ဥရောပ၏ ထိပ်တန်း အဆင့်ရှိ ကစားသမားတစ်ဦးကို ခေါ်ယူသွားရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

-Ref; Sky sports