(၂၅)နှစ်ပြည့် ပြည်ခိုင်ဖြိုးငွေရတုနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပါတီဝင်နှင့်ပြည်သူများ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

 

စက်တင်ဘာ-၁၅
မုံရွာ

စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကြရောက်သည့် (၂၅)နှစ်ပြည့် ပြည်ခိုင်ဖြိုးငွေရတုနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင်၊ အရာတော်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ပြည်သူများမှ ဒီကနေ့မနက်(၀၉:၀၀)နာရီအချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်မတော်စစ်ဆေးရုံခုတင်(၃၀၀) ၌ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးမှ တက်ရောက်အားပေးပြီး သွေးလှူရှင်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။
ထို့နောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ တိုင်းအရံပါတီကော်မတီဝင် ဒေါ်ကြူမိုးသန့်၊ မုံရွာခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးတင်ဇော်၊ ဦးမြင့်အောင်၊ ဦးဝင်းနိုင် ၊ အရာတော်မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းမြိုင်နှင့်ပါတီကော်မတီဝင် ဒေါ်ညွန့်ညွန့်မော်၊ ဒေါ်ဇင်မာတို့မှ သွေးလှူရှင်များအား အချိုရည်ဗူးများနှင့်မုန့်ထုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းနောက် တပ်မတော်စစ်ဆေးရုံခုတင်(၃၀၀)မှဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ရာ တိုင်းပါတီကော်မတီဝင်ဒေါက်တာဝင်းမြင့်အောင်မှ လက်ခံခဲ့ပါသည်။ စုပေါင်းသွေးလှူဒါန်းပွဲသို့ အရာတော်မြို့နယ် နေရာခင်းကျေးရွာအုပ်စု ရှောက်ခါးရွာနှင့် နေရာခင်းရွာမှ သွေးလှူရှင်(၃၅)ဦး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။