ဆရီနာဝီလီယံကို အနိုင်ယူပြီး စပိန်တင်းနစ်မယ် မူဂူရူဇာ ပြင်သစ်အိုးပင်းချန်ပီယံဆု ဆွတ်ခူး

SPorts

ပြင်သစ်အိုးပင်းအမျိုးသမီး ဗိုလ်လုပွဲတွင် ဆရီနာဝီလီယံကို မူဂူရူဇာက ၇-၅၊ ၆-၄ မှတ်ဖြင့် အနိုင်ရပြီး ၎င်း၏ ပထမဆုံး ပြင်သစ်အိုးပင်းချန်ပီယံဆုကို ရရှိခဲ့သည်။

မူဂူရူဇာသည် ၁၉၉၈ ဗိုလ်လုပွဲတွင် အရန်ဆာဆန်းချက်ဇ် ဗာကာရီယိုက အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ယင်းဆုကို ရရှိသော ပထမဆုံးစပိန်တင်းနစ်မယ်ဖြစ်လာသည်။

ဆရီနာဝီလီယံကို အနိုင်ရကာ ၎င်း၏ ပထမဆုံးပြင်သစ်အိုးပင်းဆုဖလားကို ရရှိခဲ့ပြီး နောက် မူဂူရူဇာသည် ကွင်းထဲ၌ ပက်လက်လှန်လှဲချကာ အောင်ပွဲခံခဲ့သည်။

ယင်းဗိုလ်လုပွဲမတိုင်မီ မူဂူရူဇာက ပြောကြားရာတွင် အကောင်းဆုံး ကစားသမားများအနက်တစ်ဦးနှင့် ဂရင်းဆလမ်း ဗိုလ်လုပွဲ၌ ဆုံတွေ့ရမည်ဖြစ်ရာ  အလွန်ဝမ်းသာမိကြောင်းနှင့် ဆီရီနာသည် အလွန်အားပြည့်သော တင်းနစ်မယ် တစ်ဦးဖြစ်၍ မိမိအနေဖြင့် အမှတ်အားလုံးအတွက် အာရုံစူးစိုက်ရမည်၊ အသင့်ရှိရမည်ဟု ပြောကြားခဲ့သည်။ မူဂူရူဇာ (၂၂) နှစ်သည် ပထမအကျော့တွင် ဆရီနာကို ၇-၅ မှတ် ဖြင့် နိုင်ခဲ့ပြီး ဒုတိယအကျော့တွင် ၆-၄ မှတ်ဖြင့် အနိုင်ရခဲ့သည်။

—Ref:Guardian


Leave a Reply