မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်တက်ရောက်

 

မကွေး နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဗဟိုအတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့က ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းများ၊ တိုင်းဒေသကြီး အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပရေးဆိုင်ရာများပါတီဝင်အင်အားတိုးတက်စည်းရုံးရေးနှင့် ပါတီဝင်ထုကျစ်လျစ်ခိုင်မာ ရေး၊ ပါတီတွင်းစည်းလုံးညီညွတ်ရေးဆိုင်ရာများ၊ ပြည်သူလူထုနှင့် မပြတ် ထိတွေ့ရေးများရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ များက မိမိတို့မြို့နယ်နှင့်စည်းရုံးရေးနယ်မြေအလိုက်လှုပ်ရှား ဆောင် ရွက်မှုများ၊ အကြံပြုဆွေးနွေးချက်များတင်ပြကြရာ ဗဟိုအတွင်း ရေးမှူးနှင့်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေး နွေးကြပြီး မွန်းလွဲ ၁နာရီ မိနစ် ၂ဝတွင် အစည်းအဝေးပြီးမြောက် ကြောင်းနှင့် အစည်းအဝေးသို့ ဗဟိုအတွင်းရေးမှူး မကွေးတိုင်းဒေသ ကြီးတာဝန်ခံဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မင်းဘူးခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ မကွေးခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများ တက်ရောက်ကြောင်း သိရသည်။

မင်းဇော်(မကွေး)