မန္တလေးတွင် ပြည်ခိုင်ဖြိုးပါတီလှုပ်ရှားမှုအသွင်ဖြင့် ဝမ်းရောဂါကာကွယ်ရေး ယင်နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မန္တလေးမြို့နှင့် နယ်မြို့များရှိ ရပ်ကွက်များ၊ ဈေးများနှင့် ယင် ပေါက်ဖွားမှု အဓိကကျသောနေရာများတွင် ပြည်ခိုင်ဖြိုးပါတီလှုပ်ရှား မှုအသွင်ဖြင့် မိုးရာသီကာလ ဝမ်း လျှောဝမ်းပျက်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ယင်နှိမ်နင်းရေး ဆေးဖျန်းခြင်း လုပ်ငန်းများကို မေ ၂၅ ရက်မှ စတင်၍ စုပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ်ရှိ ညောင်ခွဲရပ် ကွက် အမှိုက်ပုံများ၊ချမ်းအေးသာစံ မြို့နယ်ရှိ ပတ်ကုန်းပျော်ဘွယ် ရပ်ကွက် လေ့ကျင့်ရေးအလယ် တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မှန်ပင်ကျေးရွာအုပ်စု ရုံးသာကျေး ရွာ၊ မဟာအောင်မြေမြို့နယ်ရှိ မန်းမြို့ဈေး၊ ဘုရားကြီးဈေး၊ ချမ်း မြသာစည်မြို့နယ်ရှိ မြနန္ဒာဈေး၊ အောင်သာယာဈေး၊ အမရပူရမြို့ နယ်ရှိ နန်းရတနာဈေးတို့ကို မေ ၂၅ရက်တွင်လည်းကောင်း၊ အောင် မြေသာ စံမြို့နယ်ရှိ ဒေါနဘွား ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်ရှိ ပြည်ကျော်ဈေး၊ မဟာအောင်မြေမြို့ နယ်ရှိ ညွန့်ပေါင်းဈေး၊ ချမ်းမြ သာစည်မြို့နယ်ရှိ မြရည်နန္ဒာဈေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရန်အောင် ဈေး၊ အမရပူရမြို့နယ်ရှိ သိမ်ကြီး ဈေးတို့ကို မေ ၂၆ရက်တွင် လည်း ကောင်း ယင်ဆေးဖျန်းခြင်းလုပ် ငန်းကို ပါတီလှုပ်ရှားမှုအသွင်ဖြင့် ပါတီဝင်များစုပေါင်းလျက် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

စံလင်း


Leave a Reply