ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဧပြီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် ဘုတလင်မြို့နယ် ယုန်လှေး ကုန်းကျေးရွာအုပ်စုယုန်လှေးကုန်း ရွာဟောင်းကျေးရွာ ဦးမန်းစီ၏ နေအိမ်ခြံဝင်းအတွင်း ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မုံရွာ ခရိုင် ပါတီကော်မတီဝင် ဦးစိန် ဝင်းလှိုင်၊ဘုတလင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခိုင် ငြိမ်းသူ၊ မြို့နယ်မီဒီယာတာဝန်ခံ ဦးဇော်ထွေးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျေးရွာ ပြည် ခိုင်ဖြိုး ပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)