အင်္ဂလန်အသင်းခေါင်းဆောင် ရာထူးလိုချင်နေတဲ့ ဟယ်ရီကိန်း

စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အနာဂတ်အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို လိုချင်နေတယ်လို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

ကိန်းအနေနဲ့ယခုနှစ်အစောပိုင်းက ကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ ပွဲမှာတော့ ကိန်းအနေနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တာကြောင့်လာမယ့် ကမ္ဘာ့ဖလာပြိုင်ပွဲကို လည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ချင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပက်သက်ပြီးကိန်းကကျွန်တော်နောက်ထပ်အသင်းခေါင်းဆောင်တာဝန်ကိုယူလို့ရရင်ယူချင်ပါသေးတယ်။အဲ့ဒီအခိုက်အတန့်ဟာ တစ်ကယ်ကို ဂုဏ်ယူစရာ အကောင်းဆုံးအချိန်ပါပဲ။” လို့ ပြောခဲ့ပါ တယ်။

ကိန်းအနေနဲ့ စက်တင်ဘာလအတွင်းမှာ ကလပ်နဲ့ နိုင်ငံအတွက် စုစုပေါင်း သွင်းဂိုး ၁၃ ဂိုးသွင်းယူ ပေးထား နိုင်သူဖြစ်ပြီး လာမယ့်အင်္ဂါနေ့မှာ ကစားမယ့်စလိုဗေးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းမှာအရွေချယ်ခံထားရသူလည်းဖြစ်ပါတယ်။

“ကျွန်တော့်ကိုယ်ကျွန်တော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခံစားရပါတယ်။ဒါပေမယ့် ဂျိုးဟတ်၊ကာဟေးနဲ့ ဟန်ဒါဆန်တို့ကလည်း အသင်းကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်စွမ်းရှိကြတဲ့ သူတွေပါပဲ။ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ အသင်းကိုအကောင်းဆုံး ဦးဆောင်ပြီးတော့ ကစားချင်ပါတယ်။လောလောဆယ်တော့ အသင်း အနေနဲ့ ခြေစစ်ပွဲမအောင်သေးတဲ့အတွက် လာမယ့် ခြေစစ်ပွဲအတွက် အကောင်းဆုံး အာရုံစိုက်ထား ပါတယ်။” လို့ ကိန်းက ထပ်မံပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ အုပ်စု(စ)တွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး စလိုဗေးနီးယားအသင်းကို အနိုင်ရပါက လက်ကျန်တစ်ပွဲအလိုမှာ ရုရှားမှာကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

Ref; The Sun