ပီအက်စ်ဂျီအသင်း နဲ့ ယှဉ်ပြိုင်မယ့် အသင်းနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက်အသင်းတော့ လာမယ့်ကြားရက်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့အတွက် ပြင်သစ်မြေကို ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အနည်းဆုံး အဝေးဂိုး (၂) ဂိုးရယူနိုင်ဖို့ လိုအပ်နေပြီး နောက်တစ်ဆင့်တက်ရောက်ဖို့ဆိုရင်တော့ သွင်းဂိုး (၃)ဂိုးပြတ်သွင်းယူနိုင်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒီပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း သွားရောက်ရာမှာ နည်းပြဟောင်း ဖာဂူဆန်လည်း အသင်းနဲ့အတူ လိုက်ပါသွားခဲ့ပါတယ်။ လက်ရှိအသင်းနည်းပြ ဆိုးလ်ရှားဟာ နည်းပြ ဖာဂူဆန်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အတူလက်တွဲပြီး (၁၉၉၈-၉၉) ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုကို အတူလက်တွဲရယူနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

ယခုတစ်ပတ်ကစားမယ့် ပွဲစဉ်ကိုတော့ မာတီရယ်၊ လင်ဂတ်၊ မာတာ၊ ဟာရဲယား နဲ့ အဲလက် ဆန်းချက်ဇ် တို့ကတော့ ဒဏ်ရကြောင့် ပါဝင်နိုင်မှာ မဟုတ်ပဲ ပေါ့ဘာကလည်း ပထမအကျော့မှာ ပြသခံခဲ့ရတဲ့ အနီကဒ်ကြောင့် ဒီပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။ ဒီလိုအဓိက ကစားသမားတွေ လွဲချော်မှာ ဖြစ်တာကြောင့် အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ လူငယ်အကယ်ဒမီ ကစားသမားတွေဖြစ်တဲ့ တာဟစ်ချောင်၊ ဂါနာ၊ အန်ဂျယ် ဂိုမက်ဇ်၊ ဂရင်းဝုဒ် နဲ့ တွန်မီနေးလ် တို့လို အကယ်ဒမီထွက် လူငယ်ကစားသမားတွေကို ခေါ်ယူသွားခဲ့ပါတယ်။

အသင်းနည်းပြ ဖာဂူဆန်ကိုယ်တိုင် လိုက်ပါသွားခဲ့တဲ့အတွက် အသင်းရဲ့ ရလဒ်ပိုင်း နဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းအပေါ်မှာ ဘယ်လို အထောက်အပံ့ ပေးနိုင်မယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

-Ref:Sksports