မတ်(၈)ရက်တွင် One Championship Reign Of Valor ပွဲကျင်းပမည်

ဆွီဒင်နိုင်ငံသား ၀ယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Zebaztian နဲ့ ကာဇက်စတန်နိုင်ငံသား Kichingin တို့ ပါဝင်ထိုးသတ်မယ့် One Championship Reign Of Valor ပွဲကို မတ်(၈)ရက်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Zebaztian ဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဦးဆုံး ကာကွယ်ရမယ့်ပွဲဖြစ်ပြီး ကမ္ဘာ့ချန်ပီယံနဲ့ ထိုက်တန်တယ်ဆိုတာ ပြသသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအဓိကတွဲဆိုင်းအဖြစ် ဖိုးသော်နဲ့ အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo တို့ ထိုးသတ်မှာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့တပည့် ချင်းတိုင်းရင်းသား တစ်ဦးဖြစ်တဲ့ တီရဲလ်ထန်ကတော့ ကမ္ဘောဒီးယား ခမာရိုးရာလက်ဝှေ့ကစားမား Rin Saraoth နဲ့ ရင်ဆိုင် ထိုးသတ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီး ကစားသမား တစ်ဦးဖြစ်သူ Bozhena Antoniyar ကတော့ မလေးရှားကစားသမား Audreylauraနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

  -Ref:Sksports