အေတီပီချန်ပီယံ ဖက်ဒရာ ကမ္ဘာ့အဆင့် (၃)ဆင့် မြင့်တက်

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ မတ်(၂)ရက်က ကျင်းပပြီးစီးသွားတဲ့ ဒူဘိုင်း ဂျူတီဖရီး ချန်ပီယံရှစ်မှာ အကြိမ်(၁၀၀)မြောက် အေတီပီချန်ပီယံဆုကို ရလိုက်တဲ့အတွက် ဆွစ်ဇာလန်တင်းနစ်သမား ဖက်ဒရာရဲ့ ကမ္ဘာ့အဆင့်ဟာလည်း အဆင့်(၃)ဆင့် မြင့်တက်သွားပါတယ်။

ဒီပွဲမတိုင်ခင်က ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ ဖက်ဒရာဟာ မတ်(၄)ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ရမှတ်(၄၆၀၀)နဲ့ အဆင့်(၄)ကို ရောက်လာခဲ့တာပါ။ ဂရင်းစလမ်ချန်ပီယံဆုအခု(၂၀)ရထားတဲ့ ဖက်ဒရာအနေနဲ့ ဒူဘိုင်းပြိုင်ပွဲမှာ (၈)ကြိမ်မြောက် ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီဗိုလ်လုပွဲမှာ ဖက်ဒရာကိုရှုံးပြီး ဒုတိယဆုရခဲ့တဲ့ ဂရိတင်းနစ်သမား ဆစ်ဆီပက်လည်း ရမှတ် (၃၁၇၅)မှတ်နဲ့ ကမ္ဘာ့အဆင့်တစ်ဆင့်တက်ခဲ့ကာ အဆင့်(၁၀)ကို ရောက်လာပါတယ်။ ဆစ်ဆီပက်အနေနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် (၁၀)ယောက်စာရင်းထဲကို ပထမဆုံးအကြိမ် ရောက်ရှိတာဖြစ်ပါတယ်။

-Ref:Sksports