စီရော်နယ်ဒို၏ အနာဂတ်အတွက် မန်ယူအသင်းနှင့် ဆွေးနွေးမည်

မန်ယူအသင်းဆီကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေနဲ့  ဆွေးနွေးမှု ပြုလုပ်ဖို့ရှိနေပါတယ်။ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ အာရှခြေစမ်းခရီးစဉ်မှာ လိုက်ပါခြင်းမရှိခဲ့ဘဲ နေအိမ်မှာပဲ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။

ဇူလိုင် ၂၅ ရက်က အသင်းဆီကို ပြန်လာခဲ့ပြီးနောက် အသင်းဘုတ်အဖွဲ့ဝင်တွေအပါအဝင် နည်းပြတန်ဟတ်ဂ် နဲ့လည်း တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်ပါတယ်။မန်ယူအသင်းနဲ့ နည်းပြတန်ဟတ်ဂ်ဘက်ကတော့ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ကြောင်း ပြောထားပေမဲ့ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ဆက်ပြီး ကစားခွင့်ရမယ့် အသင်းသစ်ဆီကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတာပါ။

အသက် ၃၇ နှစ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို အသင်းတွေနဲ့ သတင်းထွက်ပေါ်နေပါတယ်။