အာရှ ချန်ပီယံ လီချုံဝေ အနားယူဖို့ ဆုံးဖြတ်ပြီးမှ ပြန်လည် ကစားဖို့ စိတ်ကူး

မလေးရှားနိုင်ငံသား အာရှချန်ပီယံ လီချုံဝေသည် ပြီးခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၎င်းရဲ့ ကစားသမားဘ၀ နေက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ်လို့ ထုတ်ဖော်ပြောခဲ့ပေမယ့်လည်း ယခုအခါ ပြန်လည်ကစားဖို့ ဆန္ဒဖြစ်ပေါ် နေတယ်လို့ ထပ်မံ ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

လီချုံဝေက-” ကျွန်တော် အမြဲတမ်း ချန်ပီယံဆုတွေ ပိုလိုချင်ခဲ့ပါတယ်။ နိုင်ငံအတွက် ဒီ့ထက်ပိုပြီး ကိုယ်စားပြုချင် နေပါသေးတယ်။ အဓိကက တော့ ကျွန်တော်တို့ Commonwealth Games နဲ့ Thomas Cup ပြိုင်ပွဲတွေမှာ ရွှေမယူနိုင်သေးပါဘူး။လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် အစွမ်းကုန် ကြိုးစား ပြင်ဆင်သွားမှာပါ။” လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

လီချုံဝေသည် ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံသား ကစားသမားကို ရှုံးနိမ့်ခဲ့ရပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီးမှ ချန်ပီယံဆုတွေ ပြန်လည်ရယူဖို့ ကြက်တောင်ဆက်လက် ကစားမယ်လို့ ပြန်လည် ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပြီး ၎င်းရဲ့ အနာဂတ်အတွက်  မလေးရှား ကြက်တောင်အဖွဲ့အစည်းက မကြာခင် ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။

လီချုံဝေမှာ ၂၀၁၆ခုနှစ် အာရှချန်ပီယံရှစ် တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူးထားနိုင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် ရယူထားနိုင်သူလည်းဖြစ်ပါတယ်။

(Duwun sports)