သြဂုတ်လ အဆင့်သတ်မှတ်ချက်တွင် ဘရာဇီးဘောလုံးအသင်း ဖီဖာကမ္ဘာ့အဆင့် ၁ နေရာသို့ ပြန်လည်ရောက်ရှိ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ သြဂုတ်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ် (၁) နေရာနှင့် တစ်လခန့် လွဲချော်ခဲ့သည့် ဘရာဇီးဘောလုံးအသင်းသည် ယင်းထိပ်ဆုံးနေရာသို့ ပြန်ရောက်လာပြီး ဇူလိုင်လတွင် လက်ရှိကမ္ဘာ့ ချန်ပီယံ ဂျာမနီက နံပါတ် (၁) မှ နံပါတ် (၂) နေရာသို့ ကျဆင်းသွားသည်။

အာဂျင်တီးနားအသင်းသည် တတိယနေရာ၌ ဆက်ရှိနေသော်လည်း ဆွစ်ဇာလန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်အဖြစ် စတုတ္ထနေရာသို့ ရောက်ရှိလာကာ ပိုလန်ကလည်း ၎င်းတို့၏ အမြင့်ဆုံးအဆင့်အဖြစ် နံပါတ် (၅) နေရာသို့ ရောက်လာသည်။ ယင်းနှစ်သင်းသည် ဖီဖာ အဆင့်သတ်မှတ်ချက်တွင် အဆင့်လျော့ကျခြင်း မရှိသည်မှာ ၁၁ လကြာပြီဖြစ်သည်။

ပေါ်တူဂီသည် ယခင်ထက် နှစ်ဆင့်လျော့သွားပြီး နံပါတ် ၆ နေရာသို့ ရောက်သွားခဲ့ကာ ဘယ်လ်ဂျီယံက တစ်ဆင့်တက်လာပြီး နံပါတ် (၉) နေရာသို့ ရောက်လာသည်။

ယင်းကဲ့သို့ အဆင့်အပြောင်းအလဲဖြစ်မှုတွင် ကွန်က ကက်ဖ် Goal Cup ဖလား၌ စွမ်းဆောင်နိုင်မှုများနှင့် သက်ဆိုင်ပြီး ဗိုလ်လုပွဲတွင် အမေရိကန်ကိုရှုံးခဲ့သော ဂျမေကာသည် ၁၉ ဆင့် ခုန်တက်ကာ နံပါတ် (၅၇) နေရာသို့ ရောက်လာသည်။

ချန်ပီယံအမေရိကန်သည် ကိုးဆင့်ခုန်တက်ပြီး နံပါတ် (၂၆) နေရာသို့ ရောက်လာကာ ကော်စတာရီကာက ငါးဆင့်တက်ပြီး နံပါတ် (၂၁) နေရာသို့ ရောက်လာသည်။ မက္ကဆီကိုက နှစ်ဆင့် ခုန်တက်ပြီး နံပါတ် (၁၄) နေရာသို့ ရောက်လာသည်။

နောက်ထပ်အဆင့်အများဆုံး မြင့်တက်လာသောအသင်းသည် နမီးဘီးယားဖြစ်ပြီး အဆင့် ၂၀ အထိ မြင့်တက်ကာ နံပါတ် (၁၃၆) နေရာသို့ ရောက်လာသည်။ လာမည့် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်စာရင်းကို ၂၀၁၇ စက်တင်ဘာ ၁၃ ရက်တွင် ကြေ ညာမည်ဖြစ်သည်။

  -Ref:FiFa.com