Meta အမည်ရ ကုမ္ပဏီ ၁ ခုက Meta (Facebook) ကို တရားစွဲ

Facebook ဟာ အရင်နှစ် အောက်တိုဘာလမှာ နာမည်ကို Meta လို့ ပြောင်းလိုက်ပြီး Metaverse ကို တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုလို Meta နာမည်ပြောင်းလိုက်တဲ့အတွက် ပြဿနာ တချို့ ရှိလာပါတယ်။

Meta (or Meta.is) လို့ ခေါ်တဲ့ Installation-art ကုမ္ပဏီ ၁ ခုက ကုန်အမှတ်တံဆိပ် ချိုးဖောက်တဲ့အတွက် Meta(Facebook) ကို တရားစွဲမယ်လို့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ဇူကာဘတ်ရဲ့ နာမည်ပြောင်းလဲမှုကြောင့် ကုမ္ပဏီငယ်လေးရဲ့ Brand ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

Meta.is က “ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ Facebook ဟာ ကျွန်တော်တို့ရဲ့ Meta နာမည်ကို အသုံးပြုခဲ့ပါတယ်။ ၁၂ နှစ်ကျော်ကြာ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဝမ်းနည်းစရာ ကောင်းပါတယ်။ ၈ လလောက် Facebook နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ မအောင်မြင်ခဲ့တဲ့အတွက် တရားစွဲဖို့ကလွဲပြီး တခြား နည်းလမ်း မရှိတော့ပါဘူး။ “ လို့ ပြောပါတယ်။

Meta (Facebook) က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မတုန့်ပြန်သေးပါဘူး။

Ref : theverge