ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်က လီယိုနာဒိုကို အနိုင်ရ

အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ နာမည်ကြီး ရာဖေး နာဒယ်လ်က အာဂျင်တီးနားက လီယိုနာဒို မေယာကို အနိုင်ရ သွားပါတယ်။

ပထမပွဲမှာ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ နာဒယ်လ်အနေနဲ့ ပုံမှန်လက်စွမ်းမျိုးရဖို့ ရုန်းကန်သွားရပြီး မေယာက ၇ – ၆နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာတော့ ဘယ်သန်တယောက်ဖြစ်တဲ့ နာဒယ်လ်က ၆ – ၃၊ တတိယပွဲမှာ လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၁နဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ နာဒယ်လ်ရဲ့ ထောင့်ဖြတ်ရိုက်ချက်တွေကို မေယာ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာတော့ နာဒယ်လ်ကပဲ ၆ – ၄ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

မြေစေးကွင်း ဘုရင်ဖြစ်တဲ့ ရာဖေး နာဒယ်လ်ဟာ ယူအက်စ်အိုးပန်း စတုတ္ထအဆင့်မှာတော့ ယူကရိန်းက ဒေါ့ဂိုပိုလော့နဲ့ ယှဉ်ပြိုင်ရမှာပါ။

-Ref; Sky sports