ရာသီသစ်အတွက် ချယ်လ်ဆီးအသင့်ဖြစ်ပြီလို့ အာမမခံကြောင်း အာဆင်နယ်ကိုရှုံးပြီးနောက် တူချယ်ပြော

မိမိအနေဖြင့် အသင်းရဲ့တိုးတက်မှုကို စိုးရိမ်ကြောင်းနဲ့ အမေရိကန် ရာသီကြို ခရီးစဉ်မှာ ကစားသမားတွေရဲ့ အာရုံစိုက်မှု နည်းပါးတာနဲ့ ပတ်သက်လို့ ပူပန်ကြောင်း ဖလော်ရီဒါမှာ အာဆင်နယ်ကို ၄-၀ ဂိုးနဲ့ ရှုံးပြီးနောက်မှာ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူချယ်က ပြောလိုက်ပါတယ်။

အာဆင်နယ်က အမေရိကန် ရာသီကြို ခရီးစဉ် သုံးပွဲမြောက်နဲ့ နောက်ဆုံးနိုင်ပွဲမှာ ချယ်လ်ဆီးကို ဂျီးဆပ်၊ အိုဒီဂတ် ၊ ဆာကာနဲ့ လိုကွန်ဂါတို့ရဲ့ ဂိုးတွေနဲ့ ချယ်ဆီးကိုနောက်ကောက်ချခဲ့ပါတယ်။ “ကျွန်တော်တို့ သူတင်ကိုယ်တင် မယှဉ်နိုင်ခဲ့ဘူး၊ စိုးရိမ်စရာကောင်းတာက ဒီပွဲမှာ ကျွန်တော်တို့ထက် အာဆင်နယ်က ကိုယ်ရောစိတ်ပါ စူးစိုက်မှု ပိုများခဲ့တာပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးလူစာရင်း မဟုတ်ပါဘူး။ ဒါက အကြောင်းရင်းတစ်ခုပေမယ့် သေးငယ်တဲ့ အစိတ်အပိုင်းပါ။ လာမယ့် သီတင်းနှစ်ပတ်မှာ ကျွန်တော်တို့ အဆင်သင့် ဖြစ်မယ်လို့ အာမမခံပါဘူး” လို့ ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ရဲ့ ဩဂုတ် ၆ ရက်ပွဲကို ရည်ညွှန်းပြီး တူချယ်က ပြောပါတယ်။

ချယ်လ်ဆီးက အမေရိကန် ခရီးစဉ်သုံးပွဲမှာ မက္ကဆီကိုက ကလပ်အမေရိကကို အနိုင်ရခဲ့ပြီး မေဂျာလိဂ်က Charlotte FC ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။