မန်စီးတီးနှင့် အင်တာမီလန် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်၊ တိုက်စစ်မှူးဟာလန်း ၅ ဂိုးသွင်းပြီး စံချိန်တင်

ဒီနက်အစောပိုင်းကန်သွားတဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေမှာ  မန်စီးတီးက လိုက်ပ်ဇစ်ကို (၇-၀) ဂိုးနဲ့အနိုင်ရပြီး ပေါ်တိုနဲ့  အင်တာမီလန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျသွားပါတယ်။ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲမှာ  မန်စီးတီးတိုက်စစ်မှူးဟာလန်းက တယောက်တည်း ၅ ဂိုး သွင်းယူခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ သွင်းဂိုး ၅ ဂိုးထိသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မန်စီးတီးအသင်းဟာ  ပထမအကျော့ပွဲစဉ်မှာ တဖက်တဂိုးစီ သရေကျထားလို့  နှစ်ကျော့ပေါင်းရလဒ် (၈-၁) ဂိုးနဲ့ နောက်တဆင့် ကွာတားဖိုင်နယ်တက်သွားသလို အင်တာမီလန်ကလည်း ပထမအကျော့မှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားပါတယ်။