အင်္ဂလန်လက်ရွေးစင်အသင်းမှ ဗာဒီနဲ့ ကာဟေးလ်တို့ အနားယူ

လက်စတာအသင်းတိုက်စစ်မှူး ဗာဒီနဲ့ ချဲလ်ဆီးနောက်ခံလူ ကာဟေးလ်တို့ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပြီး အဆိုပါကိစ္စကို နည်းပြဆောက်ဂိတ်ကလည်း သဘောတူလက်ခံလိုက်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၂၆ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဗာဒီ က “ ကျွန်တော် အသက်အရွယ်က ကလပ်ရောနိုင်ငံမှာပါ ခြေစွမ်းပြနိုင်ဖို့ မလွယ်ပါဘူး။ နိုင်ငံတကာ ရက်သတ္တပတ်တွေမှာ မိသားစုကို အချိန်ပေးနိုင်ဖို့ လုပ်ဆောင်ရမှာပါ။ လူငယ်တွေကို ဦးစားပေး ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ကာဟေးလ်ကလည်း နိုင်ငံအသင်းမှ အနားယူဖို့ အချိန်ရောက်ပြီလို့ ခံစားနေကြောင်းပြောခဲ့ပါတယ်။ ကာဟေးလ်ဟာ အင်္ဂလန်အတွက် ၆၁ ပွဲ ကစားပေးထားသူဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ လက်ရွေးစင်အသင်းက အနားယူသွားပေမဲ့ လိုအပ်မှုကြောင့် နည်းပြက ပြန်လည် ခေါ်ယူခဲ့မယ်ဆိုပါက အင်္ဂလန်အတွက် ကစားပေးရန် သဘောတူညီထားကြောင်း သိရပါတယ်။

-Ref; Sky sports