ခါဘစ်နဲ့ဖာဂူဆန်တို့ရဲ့ယူအက်ဖ်စီပွဲစဉ်ကို(၅)ကြိမ်မြောက်ဖျက်သိမ်း

ရှုံးပွဲမရှိသေးတဲ့ UFC ဟဲဗီးဝိတ်ချန်ပီယံခါဘစ်က သူအကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ အမေရိကန်ဖိုက်တာ တိုနီဖာဂူဆန်နဲ့ပွဲကို (၅)ကြိမ်မြောက်ဖျက်သိမ်းလိုက်ပြီလို့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ခံပညာပေါင်းစုံအသုံးပြုနိုင်တဲ့ UFC ပွဲစဉ်(၂၄၉)အဖြစ် ဧပြီ(၁၈)ရက်နေ့မှာ ထိုးသတ်ဖို့စီစဉ်ထားတာပါ။

ကျင်းပမယ့် နယူးယော့မြို့မှာ ကိုရိုနာဗိုင်းရပ် အန္တရာယ်ရှိနေလို့ ဖျက်သိမ်းလိုက်တာပါ။ လောလောဆယ်မှာတော့ ခါဘစ်ဟာ သူ့ဇာတိမြေရုရှားမှာရှိနေပြီး ခရီးသွားလာလို့လည်း မရသေးပါဘူး။ ခါဘစ် ကတော့ ” ပွဲပျက်သွားတဲ့အတွက် မင်းထက် ငါက ပိုပြီးစိတ်ပျက်တယ်လို့ပြောပါတယ်။

အသက်(၃၁)နှစ်ရှိခါဘစ်ဟာ ဖာဂူဆန်နဲ့ပွဲအတွက် ယူအေအီးမှာ တံခါးပိတ် လေ့ကျင့်ခဲ့သလို အသက်(၃၆)နှစ်ရှိဖာဂူဆန်ကလည်း အမေရိကန်မှာ လေ့ကျင့်ပြင်ဆင် ထားပါတယ်။ သူတို့ပွဲဟာ အရင်ကလည်း (၄)ကြိမ်အထိ ပွဲပျက်ခဲ့ရဖူးပါတယ်။ အဲဒီအကြိမ်တွေကတော့ သူတို့ရဲ့ ကျန်းမာရေးနဲ့ကြံခိုင်မှု အခြေအနေတွေကြောင့်ပါ။ အခု(၅)ကြိမ်မြောက်ကတော့ ကိုရိုနာဗိုင်းရပ်ကြောင့် ဖျက်လိုက်ရတာဖြစ်ပါတယ်။