PFA အကောင်းဆုံးကစားသမားဆု မန်စီးတီးကစားသမား ဒီဘရိုင်း ရရှိ

မန်စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ  လီဗာပူးက မာနေးနဲ့ ဗန်ဒိုက်တို့ကို ကျော်ဖြတ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းက ချီးမြှင့်တဲ့ PFA အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးသွင်းပြီး အကြိမ် ၂၀ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ တရာသီအတွင်းမှာ ဂိုးဖန်တီးမှု အများဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ သီယာရီအွန်နရီရဲ့ စံချိန်ကိုလည်း လိုက်မီနိုင်ခဲ့တာပါ။

အသင်းဖော်တွေနဲ့ တခြားအသင်းက ပြိုင်ဘက်ကစားသမားတွေက မဲပေး ရွေးချယ်ခဲ့တဲ့ဆု ဖြစ်တာကြောင့် ကြီးမားတဲ့ ဂုဏ်ပြုမှုဖြစ်ပြီး ပျော်ရွှင်စရာဖြစ်ခဲ့တယ်လို့ ဒီဘရိုင်းက ပြောပါတယ်။

ဒီဘရိုင်းဟာ PFA အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ မန်စီးတီး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။