အိမ်ပြင်မထွက်ရအမိန့် ချိုးဖောက်သူတွေ ပစ်သတ်ဖို့ သမ္မတ Duterte အမိန့်ပေး

ဖိလစ်ပိုင်သမ္မတဒူတာတီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ဟန့်တားရန် ချမှတ်ထားသည့် စည်းမျဉ်းများအား ဖောက်ဖျက်ပါက ပစ်သတ်ရန် ခွင့်ပြုချက်ပေးထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

 ဒူတာတီက ”အစိုးရဘက်က တွန့်ဆုတ်နေလို့ မရပါဘူး။ ရဲတပ်ဖွဲ့ကိုရော စစ်တပ်ကိုပါ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ် ကိုင်တွယ်ဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ရင် ဒါမှမဟုတ် ပြဿနာရှာရင် အဲဒီလိုလုပ်တဲ့သူဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ လုပ်တဲ့သူတွေကို ပစ်သတ်ဖို့အထိ အမိန့်ပေးထားပြီးဖြစ်ပါတယ်” ဟု ပြောသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ဝင်ငွေနည်းပါးသူများနှင့် ဆောက်လုပ်ရေး လုပ်သားများက အိမ်ပြင်ထွက်ခွင့်နှင့်သွားလာခွင့်ပိတ်ပင်ထားမှုများကို ချိုးဖောက်ကာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လမ်းများပေါ်သို့ ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ဒူတာတီက အိမ်ပြင်မထွက်ရန် တားမြစ်ထားမှုများအား ချိုးဖောက်ကြောင်း တွေ့ရှိပါက ပစ်သတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ လူဦး ရေ ၅၇သန်းရှိသော ဖိလစ်ပိုင်နိုင်ငံထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၂၃ဝဝ ကျော်အား တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉၆ဦးရှိ နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။ Ref; Reuters