တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း

တန့်ယန်း ဧပြီ ၁

တန့်ယန်းမြို့နယ် ပြည်နယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ COVID-19 အဆုတ်ရောင်ရောဂါ ရောဂါကာကွယ်တားဆီးရေးအတွက် ယမန်နေ့တွင် တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းလျက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် တန့် ယန်းမြို့နယ် အထက(၂) COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရေးစခန်းတို့တွင် ပိုးသတ်ဆေးများဖျန်းခဲ့ကြသည်။

နှင်းစန္ဒာမိုး