မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံနှင့် မဲဇလီတိုက်နယ်ဆေးရုံများသို့ ကျန်းမာရေး အထောက်အကူပြုသုံးစွဲရန် အလှူငွေများပေးအပ်

ပွင့်ဖြူ ၊ ဧပြီ ၊ ၂

Covid-19 ကမ္ဘာ့ ကူးစက်ရောဂါ ကာကွယ်ရာ ကုန်းဇောင်းတိုက်နယ် ဆေးရုံ လိုအပ်သည်များ သုံးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေးနှင့်​ ဇနီး ဒေါ်တင်တင်လတ် မိသားစုမှ အလှူ​ငွေကျပ်​(၁)သိန်း၊ တိုင်းတောင်သူ လယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်၊ မင်းဘူး ခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ ပွင့်ဖြူ အတွင်းရေးမှူး ဦးဆန်းထွန်း မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူ​ငွေ ကျပ်​(၁)သိန်း၊ ကုန်းဇောင်း တိုက်နယ်ဆေးရုအုပ် ဒေါ်သီသီအေး ဆေးရုံမှ တာဝန်ရှိ ဆရာမများ ကုန်းဇောင်းအုပ်ချုပ်ရေးမှူး ဦးကျော်မြင့် တို့ထံ အလှူ​ငွေကျပ်​ စုစုပေါင်း(၂)သိန်း ​ပေးအပ်​လှူဒါန်းပါသည်​။ ဆက်​လက်​၍ Covid-19  ကမ္ဘာ့ ကူးစက်ရောဂါ ကာကွယ်ရာ မဲဇလီ တိုက်နယ်​ဆေးရုံ လိုအပ်သည်များသုံးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းပါတီဥက္ကဌ ဒေါက်တာ မောင်မောင်ဌေးနှင့်​ ​ဇနီး ဒေါ်တင်တင်လတ် မိသားစုမှ အလှူ​ငွေကျပ်​(၁)သိန်း၊ တိုင်းတောင်သူလယ်သမား​ရေးရာ တာဝန်ခံ ဦးအောင်နိုင် မင်းဘူးခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ ပွင့်ဖြူ အတွင်းရေးမှူး ဦးဆန်းထွန်း မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူ​ငွေကျပ်​(၁)သိန်း စုစု​ပေါင်းအလှူ​ငွေ(၂)သိန်းကျပ်​ကို မဲဇလီတိုက်နယ်ဆေးရုံအုပ် ဒေါက်တာ ထက်ဝေလင်း၊ ဆေးရုံမှ တာဝန်ရှိ ဆရာမများထံ လှူဒါန်း​ဆောင်ရွက်​ခဲ့ကြ​ကြောင်း သိရသည်​။