မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်

 

မြစ်သား စက်တင်ဘာ

မြစ်သားမြို့နယ် ကျွဲတပ်ကျေးရွာအုပ်စု ရွှေကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးဝင်းဇော်နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က အမွှေးနံ့သာရည်ပက်ဖျန်း၍ ပါတီဆိုင်းဘုတ် တင်ခြင်းကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်တင်ရာသို့ ကျောက်ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ နယ်မြေတာဝန်ခံ ဦးသန်းဦး၊ ဦးတင်လှ၊ ဦးအေးမင်း၊ ဦးသိန်းမြင့်၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် ပါတီကော်မတီဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။