မီဒီယာတွေရဲ့ထိုးနှက်ချက်အောက်က ဂျာမနီအသင်း

တောင်ကိုရီးယားကိုရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေလှည့်ပြန်ခဲ့ရပြီဖြစ်တဲ့ ဂျာမနီအသင်းကို ဂျာမန်မီဒိယာတွေက ပြင်းထန်စွာဝေဖန်ထိုးနှက်နေကြပြီး သမိုင်းတစ်လျှောက်မှာ အရှက်ကင်းမဲ့ဆုံးအသင်း အဖြစ် ဝေဖန်ခဲ့ကြပါတယ်။ ဂျာမန်နာမည်ကြီး သတင်းဌာနာဖြစ်တဲ့ Bild က မနေ့ညကရှုံးပွဲအပြီးမှာ ဂျာမန်ကစားသမားတွေရဲ့ပုံရိပ်ကို ခေါင်းကြီးပိုင်းမှာတင်ကာ ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ဂုဏ်သိက္ခာနဲ့ အရှက်အကင်းမဲ့ဆုံးလို့ဝေဖန်ခဲ့ပြီး ဒါဟာ သူတို့အသင်းအတွက် ပထမအဆင့်ကနေ ပထမဆုံးထွက်ခာမှုလို့လည်းဆိုခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနဲ့ ပွဲရလဒ်ကိုလည်း ကပ်ဘေးဆိုက်ခဲ့တဲ့အုပ်စုရဲ့ အရှက်ရဖွယ်အဆုံးသတ်ဖြစ်ပြီး အိပ်မက်ဆိုး တစ်ခုလို ဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံပြောင်းလဲပြီး နောက်ပိုင်း အုပ်စုအဆင့်ကနေ ပထမဆုံးအကြိမ်ထွက်ခဲ့ရခြင်းဖြစ်ပြီး သူတို့ဟာ အုပ်စုတွင်း ၃ ပွဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ၇၂ ကြိမ်ကနေ ၂ ဂိုးသာ ရရှိတဲ့အထိလည်း အခြေအနေဆိုးခဲ့ပါတယ်။ ဂျာမနီအသင်းရဲ့ ကန်ချက်နဲ့ သွင်းဂိုးအချိုးက ၃ ရာခိုင်နှုန်းပဲရှိခဲ့လို့ ဒါဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနည်းဆုံး ၁ ဂိုးသွင်းယူထားတဲ့ အသင်းတွေ အားလုံးအနက် အနိမ့်ဆုံးအချိုးလည်းဖြစ်ခဲ့ပါတယ်။

 -Ref; Sky sports