တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်သူ တိုးလာလို့ စည်းကမ်းတွေ ပြန်တင်းကျပ်

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် COVID-19 ရောဂါပျံ့နှံ့မှု ပိုပြင်းထန်လာပုံရပြီး မတ်လလဆန်းပိုင်း နောက်ပိုင်း တစ်နေ့တာ ရောဂါကူးစက်မှု အများဆုံးအဖြစ် ဗုဒ္ဓဟူးနေ့က အ များဆုံးဖြစ်ခဲ့သည်။

ယခင်က ပျံ့နှံ့မှုများကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည့် တောင်ကိုရီးယားတွင် ခြောက်ရက်ဆက်တိုက် ဂဏန်းသုံးလုံး အရေအတွက်အဖြစ် ဗုဒ္ဓဟူးနေ့ က နောက်ထပ်ပိုးတွေ့လူနာ ၂၉၇ ဦး တွေ့ရှိသောကြောင့် စုစုပေါင်း ရောဂါကူးစက်သူ ၁၆,၀၅၈ ဦးရှိလာကာ သေဆုံးသူ ၃၀၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ဖော်ပြချက်အရ သိရသည်။

နောက်ထပ်ပိုးတွေ့လူနာအများစုမှာ ဆိုးလ်မြို့နှင့် အနီးတစ်ဝိုက်ဒေသများမှဖြစ်ပြီး ယခုထိ အသေးစား ရောဂါပျံ့နှံ့ရာ နေရာ များသာရှိသေးသော လူဦးရေ ၂၅ သန်းရှိသည့် မြို့တော်ဒေသတွင် ပိုကျယ်ပြန့်သော ရောဂါပျံ့နှံ့မှုဖြစ်ပေါ်နိုင်သည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

နိုက်ကလပ်များ၊ ဘားများ၊ ကာရာအိုကေများနှင့် အင်တာနက်ဆိုင်များ ပိတ်ထားရန် အစိုးရက ယခုသီတင်းပတ်စော စောပိုင်းက ညွှန်ကြားခဲ့ပြီး ဘုရား ကျောင်းများ၌ လူကိုယ်တိုင်ဝတ် ပြုမှုများအားလုံး တားမြစ်ထားကာ အတွင်းနှင့်အပြင်တွင် လူ ၅၀ နှင့် ၁၀၀ ထက်ပို၍စုဝေးခြင်းများအား တားမြစ်ထားသည်။

လက်ရှိနှုန်းအတိုင်း ရောဂါကူးစက်မှု ဆက်လက်မြင့်တက်နေမည်ဆိုပါက အစိုးရကကျောင်းများပိတ်ကာ အလုပ်များကို အိမ်မှသာလုပ်ကြရန် ညွှန်ကြားပြီး လူ ၁၀ ဦးထက် ပိုမစုရန် တားမြစ်ကာ အပြင်းထန်ဆုံးစည်းကမ်းများ ချမှတ်နိုင်သည်။  Ref: Reuters