ကင်ဂျုံအန်း သတိလစ်မေ့မြောနေတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တာဝန်တွေကို သူ့ ညီမ လွှဲပြောင်းယူဖို့ရှိ

တောင်ကိုရီးယားသံတမန်တစ်ဦးရဲ့ ခန့်မှန်းပြောကြားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သတိလစ် မေ့မြောနေတဲ့အတွက် နိုင်ငံတာဝန်တွေကို သူ့ညီမ ကင်ယိုဂျောင်ဆီ အလုံးစုံ လွှဲပေးရဖို့ ရှိနေတယ်လို့ သိရပါတယ်။ အရင် တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံရဲ့လက်ထောက်အရာရှိတစ်ဦးဖြစ်ခဲ့တဲ့ သံတမန် ဝန်ထမ်း ချန်ဆောင်မင်းက ဒေသခံမီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ကင်ဂျုံအန်းရဲ့ ကျန်းမာရေးအခြေအနေကို ပြောခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံ့အာဏာဆက်ခံခွင့်နဲ့ပတ်သက်လို့ ပုံစံ အတည်တကျ မရှိတာကြောင့် လက်လပ်နေတဲ့ တာဝန်တွေကို ကင်ယိုဂျုံက အစားထိုးဝင်နေရပါတယ်။

 ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က မြောက်ကိုရီးယားအလုပ်သမားပါတီရဲ့ ဗဟိုကော်မတီမှာ ကင်ယိုဂျုံကို ပထမလက်ထောက်ဌာနဒါရိုက်တာအဖြစ် တာဝန်ပေးပြီး သူ့လုပ်ပိုင်ခွင့်တွေကို ကင်ဂျုံအန်း ခွဲဝေပေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ကင်ဂျုံအန်းဟာ ဧပြီလက နှလုံးရောဂါကို ခွဲစိပ်ကုသမှုခံယူခဲ့ရတယ်လို့ သတင်းထွက်ခဲ့ပြီး အဲဒီနောက်ပိုင်း အချိန်အများစုမှာ လူမြင်ကွင်းရှေ့ကနေ ပျောက်ကွယ်ခဲ့ကြောင်း Fox သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။  

standard time daily