Facebook တွင် ထိုင်းတော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်

Facebook  ကုမ္ပဏီသည် ၄င်း၏ ဝန်ဆောင်မှုများကို အသုံးပြုကာ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း၌ လက်ရှိ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြမှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် ထိုင်းဘုရင်နှင့် တော်ဝင်မိသားစု အကြောင်းကို ဆိုရှယ်မီဒီယာများတွင် ဝေဖန်သုံးသပ်မှု ပြုလုပ်ခြင်းများ မြင့်တက်လာခဲ့သည်။ ထိုင်းအစိုးရဘက်မှ ထိုကဲ့သို့ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခြင်းကို တားဆီးနိုင်ခြင်း မရှိပါက Facebook  ကုမ္ပဏီအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု သတိပေးခဲ့ပြီးနောက်တွင် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးခြင်း၊ ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်နေသည့် Pages များအား ထိုင်းနိုင်ငံအတွင်း၌ အသုံးပြုခွင့် မရအောင် Facebook  ကုမ္ပဏီဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း၌ ဘုရင်နှင့်တော်ဝင်မိသားစု ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ပါက ပြင်းထန်သည့်ထောင်ဒဏ်များ ချမှတ်နိုင်သည့်တည်ဆဲဥပဒေရှိနေသည်။

Ref;  BBC