COVID-19 စမ်းသပ်ချက်ရလဒ်အတုများ ထုတ်ပေးမှုဖြင့် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (COVID-19) စမ်းသပ်ချက်ရလဒ်များတွင် ကူးစက်ခံရမှု မရှိဟု စမ်းသပ်ချက် ရလဒ်အတုများ ထောင်နှင့်ချီ၍ ထုတ်ပေးမှုဖြင့် ဘင်္ဂလားဒေ့ရှ် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း စီအန်အေ သတင်းဌာနက ဖော်ပြသည်။

ပိုလန်ရွေးကောက်ပွဲမှာတွင် လက်ရှိသမ္မတအနိုင်ရ

အခုလ(၁၂)ရက်နေ့ကျင်းပခဲ့တဲ့ ပိုလန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတအင်ဒရေဒူဒါ  က ပြိုင်ဘက် ရာဖာတာဇာစကောစကီးကို မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့ပါတယ်။ 

မဲပေးပြည်သူ(၉၉.၇)ရာခိုင်နှုန်းရဲ့ မဲရလဒ်တွေကိုရေတွက်ရာမှာ ကွန်းဆာဗေးတစ် သမ္မတဒူဒါ  က မဲအရေအတွက် (၅၁.၂)ရာခိုင်နှုန်းရရှိခဲ့တာပါ ။ 

ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့အနာဂါတ်အတွက်ရော၊  ဥရောပသမဂ္ဂနဲ့ တင်းမာနေတဲ့ဆက်ဆံရေးတွေ အတွက်ပါ တိုက်ပွဲတစ်ခုလိုရှု့မြင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ထိတွေ့သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ မင်းသားကြီး အမီတာဘချမ်း သတိပေး

ဘောလိဝုဒ်ရဲ့ ဂန္ထဝင် ရုပ်ရှင်မင်းသားကြီး အမီတာဘချမ်းဟာ သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ထိတွေ့ခဲ့သူအားလုံးကို ဆေးစစ်မှုခံယူဖို့ Followers သန်းချီရှိတဲ့ သူ့ တွစ်တာအကောင့်က တစ်ဆင့် သတိပေးလိုက်ပါတယ်။

တွစ်တာမှာ သူ ပို့စ်တင်ပြီး မကြာခင် အမီတာဘချမ်းရဲ့ သားဖြစ်သူ အက်ဘ်ဘီရှက်ခ်ကလည်း သူပါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ တောင်ကုန်းကမူမှာ အခုလ ၉ ရက် နေ့လည်ပိုင်းက ပျောက်ဆုံးသွားတဲ့ မြို့တော်ဝန်ကို သေဆုံးလျက် ရှာဖွေတွေ့ရှိသွားပြီလို့ ရဲတွေက အတည်ပြုလိုက်ပါတယ်။ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုးလ်မြို့တော်ဝန် ပတ်ခ် ဝမ်ဆွန်းဟာ နေအိမ်ကနေ ထွက်သွားပြီးနောက် ပျောက်ဆုံးနေတဲ့အကြောင်း သမီးဖြစ်သူက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရဲတွေရဲ့ အကြီးအကျယ်ရှာဖွေမှုတွေကြောင့် အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Source – CNN

ဘရာဇီးသမ္မတ COVID-19 ကူးစက်ခံရ

ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံနေရပြီ ဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာ အဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလိုကြေညာခဲ့တာပါ။ 

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး သမ္မတ Bolsonaro က လျှော့ပေါ့ ပြောလေ့ရှိသလို သူဟာ ကျန်းမာရေးလိုက်စားသူ ဖြစ်တဲ့ အတွက် အကူးစက်ခံရမှာကို စိတ်မပူကြောင်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ဘူးပါတယ်။

ထရမ့်ကို အီရန်က ဖမ်းဝရမ်းထုတ်

ပြီးခဲတဲ့ ဇန်နဝါရီလအတွင်းက အီရန်ထိတ်တန်းဗိုလ်ချုပ်ကြီး Qasem Soleimani ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လေဆိပ်မှာ အမေရိကန်စစ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်သုတ်သင်ခဲ့တာနဲ့ပတ်သက်ပြီး အီရန်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ အခုလ(၂၉)ရက် CNN သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်အပါအဝင် နောက်ထပ် (၃၅)ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပြီး၊ သူတို့ကို ဖမ်းဆီးဖို့အတွက် အင်တာပိုထံ အကူအညီလှမ်းတောင်းထားလို့ အီရန်အစိုးရရှေ့နေ Ali Alqasimehr က ပြောပါတယ်။ ဒါပေမဲ့ အင်တာပိုကတော့ အီရန်ရဲ့အကူအညီတောင်းခံမှုကို စဉ်းစားသွားမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

TikTok နဲ့ တခြား တရုတ် Apps ၅၉ ခုကို အိန္ဒိယပိတ်ပင်

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ လျှပ်စစ်နဲ့ IT နည်းပညာ ဝန်ကြီးဌာန ကြေညာချက်ထဲမှာတော့ တရုတ်ရဲ့ ဒီ Apps ၅၉ ခုဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်ငြိမ်ရေး ၊ အိန္ဒိယ ကာကွယ်ရေးနဲ့ နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေကို ထိခိုက်နစ်နာ လာစေတဲ့အတွက် အခုလို ပိတ်ပင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။

သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နား

ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်နစ်နာမှုတွေရှိလာတာမို့ သြစတြေးလျ Qantas လေကြောင်းက အလုပ်အကိုင် ၆၀၀၀ ကိုရပ်နားရမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက ပြောလိုက်ပါတယ်။ အခုလို အလုပ်အကိုင်တွေကိုရပ်နားရတာက ကိုဗစ်ကြောင့်ထိခိုက်မှုတွေ နည်းပါးနိုင်ရေး ဆောင်ရွက်တဲ့ ငါးကြိမ်မြောက်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကဆိုရင် ဝန်ထမ်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အလုပ်တွေနားထားခဲ့ ပါသေးတယ်။ နယ်စပ်တွေ၊ ဝင်ပေါက်ထွက်ပေါက်တွေကို နောက်နှစ်ထဲအထိ ပိတ်ထားနိုင်ဖို့ရှိတယ်လို့ သြစတြေးလျ အစိုရက ပြီးခဲ့တဲ့အပတ်ကဘဲ ပြောခဲ့ပါတယ်။ ရောင်းချခဲ့ပြီးတဲ့ ခရီးစဉ်လက်မှတ်တွေကိုလည်း ဒီနှစ်အောက်တိုဘာနှောင်းပိုင်းအထိကို ရွှေ့ဆိုင်းပြီး ပယ်ဖျက်တာတွေလည်းရှိခဲ့ပါတယ်။

တောင်ကိုရီးယားကို စစ်ရေးအရတုန့်ပြန်ဖို့ ဆိုင်းငံ့လိုက်တယ်လို့ ကင်မ်ပြော

တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရတုန့်ပြန်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ခေါင်းဆောင်ကင်မ်က ဆုံးဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ချီမှုပါစာရွက်တွေ နှစ်နိုင်ငံနယ်စပ်ကိုကျော်ပြီး မြောက်ကိုရီးယားနယ်မြေ အတွင်းအထိ ရောက်ခဲ့တယ်လို့ ဆိုပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းရှိနေခဲ့တာပါ။

အဲဒီလိုဖြစ်ပြီးနောက်ပိုင်းမှာပဲ နှစ်နိုင်ငံစစ်မဲ့ဇုန်ထဲကို စစ်တပ်ကိုစေလွှတ်မယ်လို့ မြောက်ကိုရီးဘက်ကနေ ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပါတယ်။